Noooo!!!! မဟုတ်ပါဘူး.. ခေတ်မီသူတိုင်းရောက်ကြတဲ့ ရန်ကုန်မြို့ထဲကနောက်ဖေးလမ်းကြားလှလှလေးတွေကိုတော့ free ဝင်လို့ ရပါတယ်နော် ဒီလမ်းလေးတွေကတော့ YBS စီးရင် ပန်းဆိုးတန်းမှတ်တိုင်နားက ၃၄ လမ်းနဲ့ ၃၅ လမ်း (အထက်ဘလောက်) မှာရှိတဲ့ တိုက်ခန်းတွေရဲ့ နောက်ဖေးလမ်းနံရံလေးတွေမှာ color စုံ Graffiti တွေနဲ့အပြည့် အလှဆင်ထားရုံတင်မကပဲ တချို့ပုံလေးတွေဆို တကယ်အဓိပ္ပာယ် ရှိပါတယ်.. ဓာတ်ပုံရိုက်ဝါသနာပါတဲ့သူတွေအကြိုက်သက်သက်သာမဟုတ် သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားကို ဘယ်လို recycle လုပ်ပြီးဖန်တီးမလဲ.. ဘယ်လိုတန်ဖိုး ထားမလဲ..35 လမ်းက ရုပ်ရှင်လမ်းမှာဆိုရင်တော့ တခေတ်တခါကမြန်မာ့ရုပ်ရှင်လောကမှာ ကျော်ကြားခဲ့သူတို့ရဲ့ အကြောင်းတွေနဲ့ artist တွေရဲ့ လက်ရာမြောက်ပုံတူပန်းချီတွေပါ တခမ်းတနားတွေ့ရမှာဖြစ်တဲ့အတွက် အောက်ကပုံလေးတွေကို အမြည်းအဖြစ်ကြည့်လို့ရပါတယ်… ဒီလမ်းလေးကို Hollywood ကလမ်းလေးလို့တော့ မထင်လိုက်နဲ့..သူက တိုက် ၃ ခုရဲ့အနောက်နံရံတွေဆုံတဲ့နေရာဖြစ်ပြီး ဆေးတွေအပြည့်သုတ်ထားတဲ့အတွက် ဓာတ်ပုံရိုက်ဝါသနာပါကြတဲ့Continue reading “လောကကြီးမှာ ဘယ်အရာမှ အလကားမရဘူးတဲ့..”
Tag Archives: budget
ကန်ဘောင်တခြမ်းက sunset
အင်းယားကန်ဘောင်မှာ ဓာတ်ပုံလှလှရိုက်ရင်း sunset ကြည့်မယ်
၃၀၀၀ ကျပ်နဲ့ လှော်ကားမှာ ပျော်ပါးမယ် 😍🐵
ဒီကလေးလေး ပူဆာလို့ ပိုက်ဆံ ပြတ်လုနီးနီး ၂၂ရက်နေ့မှာ low budget plan နဲ့ လှော်ကားကို သွားခဲ့တာပါ။စားစရိတ် သောက်စရိတ်မပါရင်စုစုပေါင်း အသွားအပြန် တစ်ယောက် ၂၉၀၀ ပဲ 😁 ၃၇ ဂိတ်ဆုံးထိ စီးတာ ၂၀၀၊ ကယ်ရီက ၅၀၀၊ ဝင်ကြေးနဲ့ ကားစီးခက ၁၅၀၀၊ အပြန်၃ဘီးစီးတာ ၅၀၀၊ ၃၇ ပြန်စီးတာ ၂၀၀စုစုပေါင်း ၂၉၀၀ ပဲ ကုန်တယ် 😎😎စားတာနဲ့ဆို ၂ယောက်ပေါင်း ၉ထောင် ၁သောင်းပဲ။ ဒီအတောအတွင်းမှာ သွားချင်ကြတယ်ဆိုရင်တော့ အကြံပေးချင်တာက လွယ်အိတ်…….🎒လွယ်လို့ကောင်းတဲ့ အိတ်ပဲ သယ်ပါ။ လမ်းလျှောက်ရ ဓာတ်ပုံရိုက်ရနဲ့ လွယ်အိတ်က ပေါ့ပေါ့ပါးပါးနဲ့ လိုတာလေးတွေပဲ ထည့်ထားရင် အကောင်းဆုံးပဲ။ ရေ….💧အခုချိန်က ရာသီဥတုပူတော့ ရေတစ်ယောက် တစ်ဗူးလောက်Continue reading “၃၀၀၀ ကျပ်နဲ့ လှော်ကားမှာ ပျော်ပါးမယ် 😍🐵”