Noooo!!!! မဟုတ်ပါဘူး..
ခေတ်မီသူတိုင်းရောက်ကြတဲ့ ရန်ကုန်မြို့ထဲကနောက်ဖေးလမ်းကြားလှလှလေးတွေကိုတော့ free ဝင်လို့ ရပါတယ်နော်
ဒီလမ်းလေးတွေကတော့ YBS စီးရင် ပန်းဆိုးတန်းမှတ်တိုင်နားက ၃၄ လမ်းနဲ့ ၃၅ လမ်း (အထက်ဘလောက်) မှာရှိတဲ့ တိုက်ခန်းတွေရဲ့ နောက်ဖေးလမ်းနံရံလေးတွေမှာ color စုံ Graffiti တွေနဲ့အပြည့် အလှဆင်ထားရုံတင်မကပဲ တချို့ပုံလေးတွေဆို တကယ်အဓိပ္ပာယ် ရှိပါတယ်..
ဓာတ်ပုံရိုက်ဝါသနာပါတဲ့သူတွေအကြိုက်သက်သက်သာမဟုတ် သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားကို ဘယ်လို recycle လုပ်ပြီးဖန်တီးမလဲ.. ဘယ်လိုတန်ဖိုး ထားမလဲ..
35 လမ်းက ရုပ်ရှင်လမ်းမှာဆိုရင်တော့ တခေတ်တခါကမြန်မာ့ရုပ်ရှင်လောကမှာ ကျော်ကြားခဲ့သူတို့ရဲ့ အကြောင်းတွေနဲ့ artist တွေရဲ့ လက်ရာမြောက်ပုံတူပန်းချီတွေပါ တခမ်းတနားတွေ့ရမှာဖြစ်တဲ့အတွက် အောက်ကပုံလေးတွေကို အမြည်းအဖြစ်ကြည့်လို့ရပါတယ်…

ဒီလမ်းလေးကို Hollywood ကလမ်းလေးလို့တော့ မထင်လိုက်နဲ့..သူက တိုက် ၃ ခုရဲ့အနောက်နံရံတွေဆုံတဲ့နေရာဖြစ်ပြီး ဆေးတွေအပြည့်သုတ်ထားတဲ့အတွက် ဓာတ်ပုံရိုက်ဝါသနာပါကြတဲ့ အချောလေးတွေအတွက် Insta Spot တစ်ခုဆိုတာ အာမခံပါတယ်နော်
( ဓာတ်ပုံရိုက်ရင်မှန်ကြည့်တတ်တဲ့ မမတွေအတွက်လဲ အဲ့ဒီရုပ်ရှင်လမ်းကစာပွဲးပေါ်မှာ မှန်လေးရှိတယ် အဲ့ကမှန်နဲ့ ကိုကြီးနေက reflection ပြန်တဲ့သဘောရိုက်ထားတာပါနော် မှန်ထိုးကတော့ ကျမပေါ့ )

ဒီပုံလေးကတော့ ပြောထားခဲ့သလိုပဲ မြန်မာ့ရုပ်ရှင်လောကရဲ့သမိုင်းမှာ ထင်ထင်ရှားရှားရှိခဲ့ပြီး သူတို့ပြောင်မြောက်တဲ့သရုပ်ဆောင် အိုက်တင်တေကြောင့် ငိုခဲ့ရတယ်.. ရယ်မောခဲ့ရတယ်..ပညာရခဲ့တယ်လေ အခုထိလဲပရိတ်သတ်တွေရဲ့ရင်ထဲရှိနေပါသေးတယ် ရုပ်ရှင်လမ်းကိုဦးဆောင်ပြီးလုပ်ခဲ့တဲ့သူတွေကိုလည်း ဒီလိုမျိုးအခုခေတ်လူငယ်တွေအတွက်ပါ ရုပ်ရှင်သမိုင်းတချို့သိရပြီး ပညာရတဲ့အတွက်လဲ ကျေးဇူးတင်မိတယ်..

ပူပြင်းနေတဲ့ရာသီဥတုကြီးမှာ အပြင်မထွက်ချင်ပါဘူး ဆိုတဲ့သူတွေ အတွက်လည်း စိတ်မပူပါနဲ့လို့ပြောပါရစေ..
နောက်ဖေးလမ်းကြားလေးဆိုတော့ တိုက်ခန်းတွေရဲ့အရိပ်က AC ခန်းထဲကအအေးလိုမဟုတ်ဘဲ သဘာဝအတိုင်း ပူမနေမှာတော့စိတ်ချပါ
လမ်းကိုသေချာသန့်ရှင်းရေးလုပ် ကွန်ကရစ်ခင်း ပန်းအိုးလေးတွေနဲ့အတူ Mini Library လေးပါထားပေးပြီး သစ်သားခုံလေးတွေနဲ့ ဒန်းလေးတွေပါရှိတော့ အေးဆေး chill လို့ကောင်းတာပေါ့..
(pls..မိမိအမှိုက်ကိုတော့ မိမိတာဝန်ယူပေးပါနော် )
( တိရစ္ဆာန်ချစ်တဲ့သူတွေအတွက်တော့ ကံကောင်းရင် ကြွက်လေး ၁ ကောင် ၂ ကောင်တော့ တွေ့နိုင်ပါတယ်လေ..)

ဒီ graffiti လေးတွေကိုကြည့်ရင် ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းထားပြီး အလှဆင်တတ်ဖို့.. အမှိုက်တွေစနစ်တကျပစ်တတ်ဖို့နဲ့ ရေတွေကိုချွတောပြီး ပစ္စည်းတွေကိုလည်း အလေလွင့်မဖစ်စေပဲ Recycle လုပ်တတ်စေဖို့ ရည်ရွယ်ထားတာတွေပါ..သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက် campaign အမျိုးမျိုးလည်းရှိပြီဖြစ်ကြောင်း #YGNwalls နဲ့ #Doh_Eain တို့ရဲ့ နောက်ဖေးလမ်းကြားလေး အကြောင်းကို အမြည်းပြောပြလိုက်ပါတယ်နော်















