၃၀၀၀ ကျပ်နဲ့ လှော်ကားမှာ ပျော်ပါးမယ် 😍🐵

ဒီကလေးလေး ပူဆာလို့ ပိုက်ဆံ ပြတ်လုနီးနီး ၂၂ရက်နေ့မှာ low budget plan နဲ့ လှော်ကားကို သွားခဲ့တာပါ။
စားစရိတ် သောက်စရိတ်မပါရင်
စုစုပေါင်း အသွားအပြန် တစ်ယောက် ၂၉၀၀ ပဲ 😁

၃၇ ဂိတ်ဆုံးထိ စီးတာ ၂၀၀၊ ကယ်ရီက ၅၀၀၊ ဝင်ကြေးနဲ့ ကားစီးခက ၁၅၀၀၊ အပြန်၃ဘီးစီးတာ ၅၀၀၊ ၃၇ ပြန်စီးတာ ၂၀၀
စုစုပေါင်း ၂၉၀၀ ပဲ ကုန်တယ် 😎😎
စားတာနဲ့ဆို ၂ယောက်ပေါင်း ၉ထောင် ၁သောင်းပဲ။

လက်ကလေးဆွဲပြီး ခေါ်လာပါပြီ

ဒီအတောအတွင်းမှာ သွားချင်ကြတယ်ဆိုရင်တော့ အကြံပေးချင်တာက

လွယ်အိတ်…….🎒
လွယ်လို့ကောင်းတဲ့ အိတ်ပဲ သယ်ပါ။ ‌လမ်းလျှောက်ရ ဓာတ်ပုံရိုက်ရနဲ့ လွယ်အိတ်က ပေါ့ပေါ့ပါးပါးနဲ့ လိုတာလေးတွေပဲ ထည့်ထားရင် အကောင်းဆုံးပဲ။

သတိပြုစေချင်တာက
ကိုယ့်ကားနဲ့ကိုယ် လာမယ့်သူတွေ 15MpH ပဲ မောင်းပါ။
မျောက်လေးတွေ လမ်းပေါ်က ဆင်းဖို့ အချိန်ပေးပါ။

ရေ….💧
အခုချိန်က ရာသီဥတုပူတော့ ရေတစ်ယောက် တစ်ဗူးလောက် ကုန်တယ်🥵
အဲ့က ဆိုင်တွေက ရေသန့်ကို ၁လီတာ‌ဗူးပဲ ရောင်းတာ။
ကိုယ်တွေကတော့ သယ်ရမှာပျင်းလို့ ရေတစ်ဗူးကို ၁၅မိနစ်အတွင်း အပြန်ဖြတ်တယ်။

လူရှင်းတာနဲ့ စ ပေါပါပြီ

ထီး…. ☂️
ဆောတီး ကိုယ်တွေကတော့ အညောင်းခံပြီး ထီးမကိုင်ဘူး။ အပူခံပြီးပဲ လျှောက်တယ်။ အပူမခံနိုင်တဲ့သူတွေတော့ ဆောင်သွားကြပေါ့။

မျောက်စာကျွေး….. 🐵🍌
လှော်ကားလို့ ပြောရင် လူတိုင်းက ကိုယ့်အမျိုးကိုယ် အရင် သတိရတတ်ကြတယ်။ 😝😝
လှော်ကားနဲ့ မျောက်က ခွဲလို့ မရဘူး။
ဒါပေမယ့် ရာသီဥတုကြောင့်လား မသိဘူး အရင်ထက် မျောက်တွေ့ရတာ နည်းတယ်။
အဝင်လမ်းကြောလောက်မှာပဲ များများတွေ့ရပြီး အထဲရောက်လေ နေပူလို့ အပြင်မထွက်ချင်တဲ့ ငပျင်းတွေ များလေပဲ။
ဒီတော့ မျောက်စာကို အဝင်ဝမှာပဲ ကုန်အောင် ကျွေးမယ့်အစား အတွင်းမှာလည်း
မျောက် မတွေ့ရင်တောင် ချပေးခဲ့တာ ကောင်းမယ်ထင်တယ်။
နေကျသွားရင် သူတို့ အလွယ်တကူ ကောက်စားလို့ရတာပေါ့။
(ကိုယ်တွေက ဘတ်ဂျက်ဆိုတော့ ဘာမှ မကျွေးခဲ့ပါဘူး။ ကိုယ်တိုင်တောင် မငတ်ရုံတမယ်လေး) 😁😁

ပထမဆုံးတွေ့ခဲ့တဲ့ မျောက်မလေးပါ

ဖုန်း 📱 ကင်မရာ 📷
သွားမယ်ဆိုရင် ညကတည်းက အားသွင်းထားသင့်တယ်။ ဟိုမှာ ရိုက်စရာနေရာ ရှုခင်းတွေ လှပေမယ့် အားသွင်းဖို့ နေရာ မလွယ်ဘူး။ ပါဝါဘန့်ခ်ပါရင် အကောင်းဆုံးပဲ။ တခြားလိုင်းတော့မသိဘူး mpt လိုင်းကောင်းကောင်းမိတယ်။

အစာကျွေးရင် သူတို့ ပျော်ကြပါတယ်

အချိန်…..🕘
ဝီရိယကောင်းတဲ့သူကတော့ စောစောသွားလေ ကောင်းလေပေါ့။ ကိုယ်တွေကတော့ နေ့လည်စာစားပြီးမှ ၁၂နာရီလောက် လက်မှတ်ဂိတ်ကို ရောက်တယ်။ ညနေ ၄ခွဲလောက်မှာ ပြန်ထွက်တယ်။
ဓာတ်ပုံ ပတ်ရိုက်တာဆိုတော့ သိပ် အပန်းမဖြေခဲ့ရဘူး။
ပြောချင်တာက တစ်နေကုန် မပေးနိုင်လည်း ရတယ်ဆိုတာ။‌ စောစော ရောက်ရင်တော့ ကောင်းတာပေါ့။

ငါ့လည်း တစ်ပုံလောက် ပေးတင်ပါဦး

သောက်စားပျော်ပါး 🍻🥂
အထဲမှာ free နားလို့ရတဲ့ ဇရပ်တွေ ရှိတယ်။ သစ်ရိပ်ဝါးရိပ်ရှိတယ်။ ဘီယာပဲဆိုရင်တော့ စခန်း၄ မှာ လိုရင် ထပ်ဝယ်စရာ ဆိုင်လေးတွေ ရှိတယ်။ ဘီယာလောက်ပဲ ပေါ့ပေါ့ပါးပါး ကောင်းပါတယ်။ နေက ပူပူနဲ့။

တည်တည်ငြိမ်ငြိမ်နဲ့ မျက်မှန်တပ်လိုက်တဲ့အခါမှာတော့
သစ်ရွက်တွေပါ အလန့်တကြား အရောင်ပြောင်းကုန်ပါပြီ။

p.s
အရင်တခါ အင်းယားကန်ဘောင်က ပုံတွေ retouch လုပ်တာ မှောင်တယ် ပြောကြလို့ ဒီတခါ လင်းလင်းလေး။
preset မသုံးပဲ ပထမဆုံး ပြင်တဲ့ collection ဆိုတော့ ကာလာ သိပ်မညီသေးဘူး။ သည်းခံ၍ရှုလော့။
LR 100%

hlawga #lowbudget #may #nay

Leave a comment

Design a site like this with WordPress.com
Get started