အင်းယားကန်ဘောင်ကို အလည်အပတ် သွားတတ်ကြတာ နှစ်ဖက်ရှိတယ်။ ✌️
ပြည်လမ်းရယ် ကမ္ဘာအေးဘုရားလမ်းရယ်။
အဲ့နှစ်ခုမှာမှ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ မြန်မာပလာဇာရဲ့ မျက်နှာချင်းဆိုင်က ကန်ဘောင်က အင်းယားကန်ရဲ့ အလှဆုံးနေရာလို့ ပြောချင်တယ်။ 😍
နေဝင်ပြီဆိုရင် ကန်ရေပြင်ရဲ့ ဟိုဘက်ခြမ်းကို ဝင်တာ။
ကန်ဘောင်ရဲ့ တခြားဘက်တွေက sunset ကြည့်လို့ မရဘူး။
ဒီဘက်မှာက ရာသီဥတုပေါ်မူတည်ပြီး ညနေ ၅ကနေ ၇လောက် အတွင်းဆို ကောင်းကင်အကျယ်ကြီးက အရမ်းလှတယ်။ 🌇
နေလုံးက တဖြည်းဖြည်းဝင်သွားတာကို ကြည့်ရင်းနဲ့ ကောင်းကင်ရဲ့ သဘာဝ gradient ကို မြင်ရတယ်။ ပြီးတော့ ရေကျချိန်ဆို ကန်ရေစပ်နားထိ သွားရပ်လို့ ရတယ်။
အခုရိုက်ခဲ့တဲ့ ဓာတ်ပုံတွေက ကန်ဘောင်မှာ ရိုက်ခဲ့တာ။
ကန်ရေပြင် သိပ်မပါဘူး။ portrait တွေ များတယ်။ ဒါပေမယ့် ဓာတ်ပုံရိုက်ပြီး နားတဲ့အချိန်မှာ
အားပါး…
အရမ်းလှတဲ့ နေဝင်ဆည်းဆာ။ 💞









သဘာဝအလှတရားကို ခံစားရဖို့ ပိုက်ဆံလည်း မကုန်သလို ပိုက်ဆံပေးတိုင်းလည်း ဒီလို ခံစားမြင်တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်တိုင်သွားကြည့်ကြဖို့ တိုက်တွန်းပါတယ်။
#inya_lake #may #nay #yangon #budget #photo